(၁) ပုဒ်မ ၃၃၇၊ သို့မဟုတ် ၃၃၈ အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး ပြီးနောက် ယင်းပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံရယူပြီးသူသည် အဓိကအရေးကြီးသည့် အချက်တစ်စုံတစ်ရာကို ၎င်း၏စိတ်အလိုအလျောက် ဝှက်သိမ်းခြင်းဖြင့်သော်လည်းကောင်း၊ မမှန် သက်သေခံခြင်းဖြင့် သော်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် စည်းကမ်းချက် များကို လိုက်နာခြင်းမပြုဟု မိမိထင်မြင်ကြောင်းဖြင့် အစိုးရရှေ့နေက စာဖြင့်အခိုင်အမာတင်ပြ လာလျှင် ထိုသူကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်ပြစ်မှုအတွက် စစ်ဆေးစီရင်နိုင်သည်၊ သို့မဟုတ် ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ ထိုသူကျူးလွန်ခဲ့ပုံပေါ်သည့် အခြားပြစ်မှုတစ်စုံ တစ်ရာအတွက် စစ်ဆေးစီရင်နိုင်သည်။
သို့ရာတွင် ထိုသူကို ကျန်မည်သည့်တရားခံနှင့်မျှ ပူးတွဲစစ်ဆေးစီရင်ခြင်း မပြုရ။ ထို့ပြင် ယင်းကဲ့သို့ စစ်ဆေးစီရင်မှုတွင် ထိုသူက မိမိသည် လွတ်ငြိမ်းခွင့်ပေးသော စည်းကမ်း ချက်များကို လိုက်နာခဲ့ကြောင်း လျှောက်လဲပြောဆိုခွင့် ရှိစေရမည်။ ယင်းသို့ လျှောက်လဲ ပြောဆိုသောအခါ အဆိုပါစည်းကမ်းချက်များကို ထိုသူမလိုက်နာခဲ့ကြောင်း ထင်ရှားအောင် တရားလိုဘက်က သက်သေပြရမည်။
(၂) ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် လက်ခံခဲ့သူ တစ်ဦးက ယခင်ကပေးခဲ့သည့် အစစ်ခံချက်ကို ၎င်းအပေါ်ဆန့်ကျင်သည့် သက်သေခံချက်အဖြစ် အဆိုပါစစ်ဆေးစီရင်မှုတွင် တင်သွင်းနိုင်သည်။
(၃) ဆိုခဲ့သည့် အစစ်ခံချက်နှင့်စပ်လျဉ်း၍ မမှန်သက်သေခံမှုဖြင့် ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်းကို တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွတ်တော်၏ အခွင့်အမိန့်မပါဘဲ လက်မခံရ။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်