ဖမ်းဝရမ်းအရဆောင်ရွက်သူ မည်သူကမဆို သို့မဟုတ် ဖမ်းဆီးရန်အခွင့်အာဏာ ရရှိထား သော မည်သည့်ရဲအရာရှိကမဆို ၎င်းတို့ ဖမ်းဆီးရမည့်သူသည် တစ်စုံတစ်ခုသောနေရာအတွင်းသို့ ခိုဝင်ပုန်းအောင်း နေသည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် ထိုနေရာတွင် နေထိုင်သူ သို့မဟုတ် တာဝန်ယူထားသူသည် အထက်ပါအတိုင်းဆောင်ရွက်သူ သို့မဟုတ် ထိုရဲအရာရှိက တောင်းဆို လာပါက ၎င်းအား ထိုနေရာအတွင်းသို့ အတားမရှိ ဝင်ရောက်ခွင့်ပြုရမည့်အပြင် ထိုနေရာအတွင်း ရှာဖွေနိုင်ရန် သင့်လျော်သည့်အခွင့်အရေးများ ရမည်။