ပုဒ်မ ၁၁၈
ပုဒ်မ ၁၁၈
မည်သူကသက်သေခံနိုင်ခြင်း

မည်သူမဆို သက်သေခံနိုင်ခွင့်ရှိသည်။ သို့ရာတွင် အသက်အရွယ်နုနယ်သောကြောင့်သော်လည်း ကောင်း၊ အလွန်အိုမင်းသောကြောင့်သော်လည်းကောင်း၊ ကိုယ်၌ဖြစ်စေ၊ စိတ်၌ဖြစ်စေ ရောဂါစွဲကပ်ခြင်းကြောင့် သော်လည်းကောင်း၊အလားတူဖြစ်သော အခြားအကြောင်းတစ်ခုခုကြောင့်သော်လည်းကောင်း မိမိအား မေးမြန်းသည့်မေးခွန်းများကို နားမလည်နိုင်သူ သို့မဟုတ် ဆင်ခြင်တိုင်းထွာ၍ဖြေဆိုခြင်းမပြု နိုင်သူဟု တရားရုံးကထင်မြင်ယူဆလျှင် ထိုသူကို သက်သေခံခွင့်မပြုရ။

ရှင်းလင်းချက်။ ရူးသွပ်သူတစ်ယောက်သည် မိမိအား မေးမြန်းသည့်မေးခွန်းများကို နားလည်နိုင်စွမ်းလည်းမရှိ၊ ဆင်ခြင်တိုင်းထွာ၍ဖြေဆိုနိုင်စွမ်းလည်းမရှိလောက်အောင် ရူးသွပ်နေသည့် အခြေအနေမျိုး မဟုတ်လျှင် သက်သေခံနိုင်ခွင့်ရှိသည်။