ပုဒ်မ ၂၃၄
ပုဒ်မ ၂၃၄
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြ ပါအရည်အချင်းများနှင့် ပြည့်စုံသူများကို ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေး နိုင်သည်-

(၁) အသက် ၃၅ နှစ် ပြည့်ပြီးသူ၊

(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသောပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊

(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် လည်း ငြိစွန်းခြင်းမရှိသူ၊

(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူ။

(ခ) နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာတာဝန်များ ပေးအပ်ရန်ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော် သည့်တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊

(ဂ) နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်၊

(ဃ) နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများအား ခန့်အပ်တာဝန်ပေးရာတွင် တာဝန်ယူရမည့် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်၊

(င) ဒုတိယဝန်ကြီးများသည် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးအားလည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊

(စ) ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ် သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း၊ တပ်မတော်သားသော်လည်းကောင်း၊ နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဈ)၊ (ည)နှင့် (ဋ) ပါပြဋ္ဌာန်း ချက်များနှင့်လည်း သက်ဆိုင်စေရမည်။



ကျင့်ထုံး