(၁) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂၊ ပုဒ်မ ၂၉၃၊ ပုဒ်မ ၅၀၁၊ သို့မဟုတ် ပုဒ်မ ၅၁၂ အရ ပြစ်မှုထင်ရှားစီရင်သည့်အခါ ပြစ်မှုထင်ရှားစီရင်ခြင်းနှင့်သက်ဆိုင်ပြီး တရားရုံးတွင်ဖြစ်စေ၊ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူ၏လက်တွင်၊ သို့မဟုတ် ထိန်းသိမ်းမှုအောက်တွင်ဖြစ်စေ ရှိနေသည့် စာရွက်စာတမ်းမိတ္တူများကို ဖျက်ဆီးစေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်။
(၂) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၂၊ ပုဒ်မ ၂၇၃၊ ပုဒ်မ ၂၇၄၊ သို့မဟုတ် ၂ ၇၅ အရ ပြစ်မှုထင်ရှားစီရင်သည့်အခါ ယင်းသို့ ပြစ်မှုထင်ရှားစီရင်ခြင်းနှင့် သက်ဆိုင်သည့် အစားအသောက်၊ ဆေးဘက်ဝင်ဝတ္ထု၊ သို့မဟုတ် ဖော်စပ်ပြီးဆေးကို ဖျက်ဆီးစေရန် တရားရုံး ဆိုခဲ့သည့်နည်းအတိုင်း အမိန့်ချမှတ်နိုင်သည်။