ပုဒ်မ ၂၀၉
ပုဒ်မ ၂၀၉
တရားခံကို မည်သည့်အခါ စွဲချက်မတင်မီ လွှတ်ရခြင်း။

(၁) ပုဒ်မ ၂၀၈ ပုဒ်မခွဲ (၁)နှင့် ( ၃ )များတွင်လည်း ရည်ညွှန်းသည့် သက်သေ ထွက်ချက်များကို ရယူပြီးနောက် ထိုသို့ သက်သေထွက်ချက်များတွင် တရားခံအပေါ်၌ အမှုအဖြစ်အပျက် အကြောင်းအရာ တစ်စုံတစ်ခု ပေါ်ပေါက်သည်ဟု ထုချေရှင်းလင်းနိုင်ရန် ထိုတရားခံကို စစ်ဆေးသင့်သည်ဟု ယူဆ၍ ထိုသို့ စစ်ဆေးပြီးသည့်အခါ ၎င်းကိုစစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ လောက်သည့် အခြေအမြစ်မရှိဟု ရာဇဝတ်တရားသူကြီးက ထင်မြင်လျှင် ယင်းအကြောင်း များကိုရေးမှတ်ပြီး ထိုတရားခံကို စွဲချက်မတင်မီ လွှတ်ရမည်။ သို့သော်လည်း တရားခံကို ကိုယ်တိုင်ဖြစ်စေ၊ အခြားရာဇဝတ်တရားသူကြီးကဖြစ်စေ ဆက်လက်စစ်ဆေး စီရင်သင့်သည်ဟု ရာဇဝတ်တရားသူကြီးက ထင်မြင်လျှင် ထိုသို့ ထင်မြင်သည့်အတိုင်း ဆောင်ရွက်ရမည်။

(၂) အမှုကိုစစ်ဆေးစီရင်ဆ၌ စွပ်စွဲချက်သည် အခြေအမြစ်မရှိဟု ၎င်းရာဇဝတ် တရားသူကြီးက ထင်မြင်သည့်အခါ ထိုသို့ ထင်မြင်သည့်အကြောင်းကို ၎င်းရာဇဝတ်တရားသူကြီး ကရေးမှတ်၍ တရားခံအား စွဲချက်မတင်မီ လွှတ်လိုက်ခြင်းသည် ဤပုဒ်မပါ မည်သည့် အချက် အရမျှ တားမြစ်သည်ဟု မှတ်ယူခြင်းမရှိရ။