တရားရုံးရှေ့ စစ်ဆေးစီရင်ရသည့် အမှုဦးရေကို ထောက်ထား၍ ဂျူရီလူကြီး တစ်စုသည် တစ်ချိန်လုံး ရုံးဆိုင်ရခြင်းကြောင့်၊ တက်ရောက်ရသည့် အကြောင်းကြောင့် ပင်ပန်းရာ ရောက်မည့်အတွက်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ထိုအကြောင်းများကြောင့် လိုအပ်မည်ဟု တွေ့ရှိရလျှင် တရားရုံးအရာရှိသည် ပုဒ်မ ၃၂၆ တွင် သီးခြားဖော်ပြထားသည့် နေ့ရက်အချိန်မှတစ်ပါး အခြား နေ့ရက်အချိန်အခါများအတွက် ဂျူရီလူကြီးများအား ဆင့်ခေါ်ရန် ညွှန်ကြားနိုင်သည်။