ပုဒ်မ ၂ (၇)
ပုဒ်မ ၂ (၇)
အစိုးရရှေ့နေ

“အစိုးရရှေ့နေ” (Government Pleader)ဆိုသည့် စကားရပ်တွင် ဤဥပဒေအရ အစိုးရရှေ့နေအား အတိအလင်း ပေးအပ်သည့်အလုပ်ဝတ္တရားများအားလုံး သို့မဟုတ် ယင်းတို့အနက် တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ပြည်ထောင်စုရှေ့နေချုပ်က ခန့်အပ်သည့်အရာရှိ တစ်ဦးဦးပါဝင်သည့်အပြင် အစိုးရရှေ့နေ၏ ညွှန်ကြားချက်အရ လိုက်နာ ဆောင်ရွက်ရသည့် ရှေ့နေလည်း ပါဝင်သည်။(၂၀၁၄ခုနှစ်,ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် နိုင်ငံတော်သမ္မတကို ပြည်ထောင်စုရှေ့နေချုပ် ချုပ် အစားထိုးပြင်ဆင်ထားသည်။)