ပုဒ်မ ၇၄
ပုဒ်မ ၇၄
အများပြည်သူတို့နှင့်သက်ဆိုင်သည့် စာတမ်းအမှတ်အသားများ

အောက်ပါစာတမ်းအမှတ်အသားများသည် အများပြည်သူတို့နှင့် သက်ဆိုင်သည့်စာတမ်းအမှတ်အ သားများဖြစ်သည်-

၁။ အောက်ပါတို့၏ဆောင်ရွက်ချက်ဖြစ်သော သို့မဟုတ် ဆောင်ရွက်ချက် မှတ်တမ်းများဖြစ်သောစာ တမ်းအမှတ်အသား သို့မဟုတ် ဥပဒေများ၏ မှတ်တမ်းများ-

(က) နိုင်ငံတော် အချုပ်အခြာအာဏာပိုင်၊

(ခ) ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့်ခုံရုံးများ၊ ထို့ပြင်

(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တစ်ခု၏ ဥပဒေပြုဆိုင်ရာ၊ တရား စီရင်ရေးဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာပြည်သူ့ဝန်ထမ်းများ။

၂။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အများပြည်သူတို့နှင့် သက်ဆိုင်သော မှတ်တမ်းများအဖြစ်ထိန်း သိမ်းထားရှိသည့် ပုဂ္ဂလိကစာတမ်းအမှတ်အသားများ။