(၁) အခြားနည်းအတိအလင်း ပြဌာန်းထားသည့် အတိုင်းမှတပါး မူလစီရင်ပိုင်ခွင့် အာဏာ ကိုဖြစ်စေ၊ အယူခံစီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေ ကျင့်သုံးလျှက် တရားရုံးတစ်ရုံးရုံးက ချမှတ်သော အမိန့်ကို အယူခံဝင်ခွင့်မရှိစေရ။ သို့သော် သို့သော် ဒီကရီကိုအယူခံဝင်ရာတွင် အမှုအဆုံးအဖြတ်ကို ထိခိုက်သော အမိန့်တစ်ရပ်ရပ်ပါ မှားယွင်းမှု၊ ချွတ်ယွင်းမှု သို့မဟုတ် နည်းလမ်းမကျမှု တစ်ရပ်ရပ်ကို အယူခံလွှာ၌ ကန့်ကွက်ရန် အကြောင်းပြချက်အဖြစ် ဖော်ပြနိုင်သည်။
(၂) ပုဒ်မခွဲ(၁)တွင် မည်သို့ပင်ပါရှိစေကာမူ အမှုကို ပြန်လည်စစ်ဆေးစေသည့် အယူခံ ဝင်ခွင့်ရှိသောအမိန့်ကြောင့် နစ်နာသူအမှုသည် တစ်ဦးဦးသည် ထိုအမိန့်ကို အယူခံမဝင်လျှင် နောက်ပိုင်း၌ ထိုအမိန့် မမှန်ကန်ကြောင်း အငြင်းမပွားရ။