ပုဒ်မ ၁၅၉
ပုဒ်မ ၁၅၉
ပြန်လည်သတိရရန်ကြည့်ရှုခြင်း

သက်သေတစ်ဦးသည် အစစ်အဆေးခံနေစဉ်အတွင်း မိမိအားမေးမြန်းသော အမှုကိစ္စနှင့်စပ်လျဉ်း ၍ ပြန်လည်သတိရရှိရန်အလို့ငှာ အဆိုပါအမှုကိစ္စဖြစ်ပွားချိန်တွင်ဖြစ်စေ၊ ထိုကိစ္စ ဖြစ်ပွားချိန် တွင်ဖြစ်စေ၊ ထိုကိစ္စဖြစ်ပွားပြီးနောက်များမကြာမီ ထိုကိစ္စကိုကောင်းစွာမှတ်မိနိုင်လောက်ဖွယ်ရှိသေး သည်ဟုတရား ရုံးကထင်မြင်ယူဆသည့် အချိန်အတွင်းတွင်ဖြစ်စေ၊ မိမိကိုယ်တိုင် ရေးသားခဲ့သော ရေးသားချက်ကို ကြည့်ရှုနိုင်သည်။အခြားသူတစ်ဦးဦး၏ရေးသားချက်တစ်ရပ်ရပ်ကို အထက်ဆိုခဲ့သည့် အချိန်အတွင်း သက်သေက ဖတ်ကြည့်ခဲ့ရပြီး ထိုသို့ဖတ်ကြည့်သည့်အခါ ရေးသားချက်မှန်ကန်ကြောင်း သိခဲ့ရလျှင် ထို အခြားသူ၏ရေးသားချက်ကိုရည်ညွှန်းနိုင်သည်။

ပြန်လည်သတိရရန်အလို့ငှာ စာရွက်စာတမ်း၏မိတ္တူကို မည်သည့်အခါသက်သေကကြည့်ရှုနိုင် ခြင်း။

သက်သေတစ်ဦးသည် ပြန်လည်သတိရရှိရန်အလို့ငှာ စာရွက်စာတမ်းတစ်ခုခုကို ကြည့်ရှုနိုင်ခွင့်ရှိသည့်အခါ ထိုစာရွက်စာတမ်း၏မိတ္တူကိုလည်း တရားရုံး၏ခွင့်ပြုချက်ဖြင့် ကြည့်ရှုနိုင်သည်။ မူရင်းစာရွက် စာတမ်းကို မတင်ပြဘဲနေခြင်းမှာလုံလောက်သောအကြောင်းရှိသည်ဟု တရားရုံးကကျေနပ်သည့်အခါ ထိုသို့ ခွင့်ပြုနိုင်သည်။

အထူးကျွမ်းကျင်သူတစ်ဦးသည် ပြန်လည်သတိရရှိရန်အလို့ငှာ သက်ဆိုင်ရာအတတ်ပညာနှင့် စပ်လျဉ်း သည့်စာအုပ်စာတမ်းများကို ကြည့်ရှုနိုင်သည်။