ပုဒ်မ ၁၈၂
ပုဒ်မ ၁၈၂
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတစ်ရပ်တွင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ အစည်းအဝေးတက်ရောက်ရန် အနည်းဆုံး ရက်ပေါင်း ၁၅ ရက် တစ် ဆက်တည်း ပျက်ကွက်လျှင် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ နေရာလစ်လပ်သည်ဟု တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ကြေညာနိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး တက်ရောက်ရန် ခွင့်မဲ့ပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက်ရာ၌ အစည်းအဝေး ရွှေ့ဆိုင်း ထားသည့်ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုရ။


ကျင့်ထုံး