နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄၂၂ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အစီရင်ခံစာကို ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော်သက်တမ်း မကုန်ဆုံးသေးပါက လွှတ်တော် အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများအား ယာယီရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်ရမည်၊၊ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းအသစ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ ယင်းအဖွဲ့အစည်းများသည် ကျန်ရှိသော လွှတ်တော်သက်တမ်းအတွက်သာ တာဝန်ထမ်းဆောင်ရမည်။