ပုဒ်မ ၁၅၆
ပုဒ်မ ၁၅၆
အားယူပိုင်ခွင့်ရှိသော အမှုများကို စုံစမ်းထောက်လှမ်းခြင်း

(၁) မည်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူးမဆို ၎င်းရဲစခန်း နယ်မြေအတွင်းရှိ နေရာဒေသကို စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးက စုံစမ်းစစ်ဆေးရန် သို့မဟုတ် စစ်ဆေးစီရင်ရန် နေရာနှင့် စပ်လျဉ်းသော အခန်း (၁၅) ပါ ပြဋ္ဌာန်းချက်များအရ စုံစမ်းစစ်ဆေးပိုင်ခွင့် သို့မဟုတ် စစ်ဆေး စီရင်ပိုင်ခွင့်ရှိသော မည်သည့်ရဲအရေးယူပိုင်ခွင့်ရှိသော အမှုမျိုးကိုမဆို တရားသူကြီး တစ်ဦး၏ အမိန့်မရရှိဘဲ စုံစမ်းထောက်လှမ်းနိုင်သည်။

(၂) ဤအမှုမျိုးတွင် ရဲအရာရှိတစ်ဦး၏ ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ ဤပုဒ်မအရ စုံစမ်း ထောက်လှမ်းရန် ယင်းအရာရှိတွင် အာဏာမရှိသော အမှုဖြစ်သည်ဟူသော အကြောင်း ပြချက်ဖြင့် မည်သည့်အဆင့်တွင်မျှ မခိုင်လုံဟု ငြင်းဆိုခြင်းမပြုရ။

(၃) ပုဒ်မ ၁၉ဝ အရ အာဏာအပ်နှင်းထားသော မည်သည့် တရားသူကြီးမဆို အထက်တွင် ဖော်ပြ ထားသော စုံစမ်းထောက်လှမ်းခြင်းမျိုးကို ပြုလုပ်စေရန် အမိန့် ထုတ်ဆင့်နိုင်သည်။