ပုဒ်မ ၄၂၇
ပုဒ်မ ၄၂၇
အမှုမှအပြီးအပြတ် လွှတ်သည့် စီရင်ချက်ကို အယူခံသည့် အမှုတွင် တရားခံကို ဖမ်းဆီးခြင်း။

ပုဒ်မ ၄၁၇ အရ အယူခံတင်သွင်းသည့်အခါ တရားခံကိုဖမ်းဆီးပြီးလျှင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ရွှေဖြစ်စေ၊ လက်အောက်ရှိ တရားရုံးတစ်ရုံးရွှေဖြစ်စေ ခေါ်ဆောင်လာစေရန် တရား ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ဝရမ်းထုတ်ဆင့်နိုင်သည်၊ ထို့ပြင် တရားခံကိုခေါ်ဆောင်လာ၍ လက်ခံရရှိသည့် တရားရုံးသည် အယူခံမှုမပြီးပြတ်မီအတွင်း ၎င်းတရားခံကို အကျဉ်းထောင်တွင် ချုပ်ထားနိုင်သည်၊ သို့မဟုတ် အာမခံပေးနိုင်သည်။ (ရာဇဝတ်ကျင့်ထုံးဥပ‌ဒေကိုပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)