ပုဒ်မ ၈၄
ပုဒ်မ ၈၄
မည်သည့်အခါ နိုင်ငံခြားတိုင်းပြည်တို့က တရားစွဲဆိုနိုင်ခြင်း

(၁) နိုင်ငံခြားတိုင်းပြည်တစ်ပြည်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ မည်သည့် တရားရုံးတွင်မဆို တရားမမှုစွဲဆိုနိုင်သည်။

သို့ရာတွင် နိုင်ငံတော်သမ္မတက အဆိုပါ တိုင်းပြည်ကို အသိအမှတ်ပြုပြီး(has been recognized)  ဖြစ်ရမည်။

ထို့ပြင်လည်း အဆိုပါ တရားမမှုကို စွဲဆိုရခြင်း၏ရည်ရွယ်ချက်မှာ အဆိုပါ တိုင်းပြည်၏ အကြီးအကဲ၌ဖြစ်စေ၊ ရာထူးအလျောက် အဆိုပါတိုင်းပြည်၏ အရာရှိတစ်ဦး၌ဖြစ်စေ သက်ရောက်သော ပုဂ္ဂလိကအခွင့်အရေးကို ရရှိရန် ဖြစ်ရမည်။

(၂) တရားရုံးအသီးသီးသည် နိုင်ငံခြားတိုင်းပြည်တစ်ပြည်ကို ... နိုင်ငံတော်သမ္မတက အသိအမှတ်ပြု၊မပြု ဟူသည့်အချက်ကို သက်သေခံအထောက်အထား မယူဘဲ လက်ခံရမည်။၊

မှတ်စု. ပုဒ်မခွဲ (၂ ) ပါ “ take judicial notice” ဆိုသည့် စကားရပ်ကို “တရားသဘောအလျောက် အလေးဂရုပြုရမည်” ဟုတိုက်ရိုက်ဘာသာပြန်ဆိုချက်ရှိပါသည်။ အဓိပ္ပာယ်မှာ အခြင်းအရာတစ်ရပ်တည်ရှိကြောင်း အမှုသည်များက အထောက်ထား တင်ပြရန် မလိုအပ်ဘဲ တရားရုံးက သာမန်လောလာယုံဖြင့်  ထိုအကြောင်းအရာ အမှန်ရှိကြောင်း မှတ်ယူခြင်းဖြစ်သည်။ သက်သေခံဥပဒေ ပုဒ်မ ၅၆ နှင့် သဘောတရားကို ဆိုလိုခြင်းဖြစ်သည်။