(၁) တရားလွှတ်တော်၌စစ်ဆေးစီရင်သောအမျှဘစ်မှုတွင် ဂျူရီများ၏သဘော ထား တညီတညွတ်တည်းဖြစ်သောအခါ၊ သို့မဟုတ် အများစုဖြစ်သောခြောက်ဦးက တစ်သဘော တည်းဖြစ်ပြီး တရားသူကြီးက ထိုသူများနှင့် သဘောတူညီလျှင် ထိုသဘောထားအတိုင်း တရားသူကြီးက စီရင်ချက်ချမှတ်ရမည်။
(၂) အလားတူအမှုမျိုးတွင် ဂျူရီများက ၎င်းတို့တညီတညွှတ်တည်းရှိလိမ့်မည် မဟုတ်ကြောင်း ယုံကြည်သော်လည်း ၎င်းတို့အနှက် ခြောက်ဦးက တစ်သဘောတည်း ရှိခဲ့လျှင် ထိုအကြောင်းကို တရားသူကြီးထံ ဂျူရီခေါင်းဆောင်က အကြောင်းကြားရမည်။
အခြားအမှုများတွင် ဂျူရီကို ဖျက်သိမ်းခြင်း။
(၃) တရားသူကြီးက အများစုနှင့် သဘောမတူလျှင် ၎င်းက ဂျူရီကို ချက်ချင်း
ဖျက်သိမ်းနိုင်သည်။
(၄) သဘောထားတူညီသူ ခြောက်ဦးမျှမရှိလျှင် တရားသူကြီးက သင့်တော်သည် ယူဆသော အချိန်ကုန်ဆုံးသည့်အခါ ဂျူရီကိုဖျက်သိမ်းရမည်။