တရားရုံးသည် တရားမှုတစ်မှုတွင် မှုခင်းကိစ္စတစ်ရပ်ရပ် ဆောင်ရွက်ရာ၌ ပေါ်ပေါက်သော ချွတ်ယွင်းချက် သို့မဟုတ် မှားယွင်းချက်ကို တရားစရိတ်နှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ သတ်မှတ်၍ဖြစ်စေ၊ သင့်သည်ထင်မြင်သည့် အခြားနည်းဖြင့်ဖြစ်စေ၊ အချိန်မရွေး ပြင်ဆင်နိုင်သည်။ ထို့ပြင် အဆိုပါ မှုခင်းကိစ္စက ပေါ်ပေါက်စေသော သို့မဟုတ် ယင်းမှုခင်းကိစ္စအပေါ် အမှီပြုသော အမှန် ဖြစ်ပွားသည့်ပြဿနာ သို့မဟုတ် ငြင်းချက်ကို ဆုံးဖြတ်ရန်အလို့ငှာ လိုအပ်သမျှ အားလုံးကိုလည်း ပြင်ဆင်ရမည်။