သတင်းစာ တစ်စောင်စောင်နှင့်ပတ်သက်သော အဆိုပါလျှောက်ထားမှုကို ကြားနာသောအခါ အမိန့်ထုတ်ထားသည့် အဆိုပါ သတင်းစာတွင်ပါရှိသော စကားလုံးများ၊ အမှတ်အသားများ သို့မဟုတ် ထင်ရှားသော ပုံသဏ္ဌာန်များ၏ သဘောသဘာဝ သို့မဟုတ် ဦးတည်ချက်တို့အတွက် အထောက် အထား အနေဖြင့် ယင်းသတင်းစာ တစ်စောင်စောင်ကို သက်သေခံအဖြစ် တင်သွင်းနိုင်သည်။