ပြစ်မှုတစ်ခုခု ကျူးလွန်ခြင်းနှင့်စပ်လျဉ်းသည့်သတင်းကို မည်သူထံမှရရှိကြောင်းပြောဆိုစေရန် မည်သည့်ရာဇဝတ်တရားသူကြီး သို့မဟုတ်မည်သည့်ရဲအရာရှိကိုမျှ အတင်းအကျပ်မပြုရ၊ပြည်သူ့အခွန် ငွေယုတ်လျော့စေရန်ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းနှင့်စပ်လျဉ်းသည့်သတင်းကို မည်သူထံမှ ရရှိကြောင်း ပြောဆိုစေရန် မည်သည့်အခွန်အရာရှိကိုမျှ အတင်းအကျပ် မပြုရ။
ရှင်းလင်းချက်။ ။ ဤပုဒ်မတွင် အခွန်အရာရှိဆိုသည်မှာ နိုင်ငံတော်အခွန်ငွေဆိုင်ရာဌာနတစ်ခုခုတွင် လုပ်ငန်းဆောင်ရွက်ရသည့် အရာရှိကိုဆိုသည်။