ပုဒ်မ ၁၃၄
ပုဒ်မ ၁၃၄
အမိန့်ချအပ်ခြင်း သို့မဟုတ်

(၁) ဆိုခဲ့သည့်အမိန့်ကို ချအပ်ခြင်း ခံရသူကိုယ်တိုင်အား ချအပ်နိုင်လျှင် ဤဥပဒေတွင် ပါရှိသည့် သမ္မန်စာချအပ်ရန် နည်းလမ်းအတိုင်း ထိုသူအား ချအပ်ရမည်။

(၂) ၎င်းအမိန့်ကို ဆိုခဲ့သည့်အတိုင်း မချအပ်နိုင်လျှင် နိုင်ငံတော်သမ္မတက နည်းဥပဒေအရ ညွှန်ကြား ထားသည့် နည်းလမ်းအတိုင်း ကြေညာချက်ထုတ်၍ ထုတ်ပြန်ကြေညာရမည်။ ထို့ပြင် ၎င်းထုတ်ပြန်ကြေညာချက် မိတ္တူတစ်စောင်ကို ချအပ်ခြင်းခံရသူ သိရှိနိုင်မည့် အသင့်လျော်ဆုံး ဖြစ်သော နေရာတစ်ခုတွင်ဖြစ်စေ၊ နေရာအများတွင်ဖြစ်စေ ကပ်ထားရမည်။