ပုဒ်မ ၁၁၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း
(က) (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးနှင့် ဒုတိယ ဥက္ကဋ္ဌတစ်ဦးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးကောက်တင်မြှောက်ရမည်၊
(၂) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌနေရာ လစ်လပ်လျှင် အနီးကပ်ဆုံးကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အစားထိုးရွေးကောက် တင်မြှောက်ရမည်၊
(၃) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိသည့်အခါ ဒုတိယဥက္ကဋ္ဌ သည်ဥက္ကဋ္ဌ တာဝန်ကို ယာယီထမ်းဆောင်ရမည်။
(ခ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးကောက်တင်မြှောက်ရန်နည်းလမ်းများကို ဥပဒေပြ ဋ္ဌာန်းသတ်မှတ်ရမည်။