အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် -
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များဖွဲ့စည်းခြင်း မပြုနိုင်သေးမီဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်သည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင် မြှောက်ပြီး ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းပြီးသည့်အချိန်ထိ နိုင်ငံတော် အာဏာကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ကျင့်သုံးဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ရမည်။ အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာများကို ပြည် ထောင်စုအဆင့်၊ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအဆင့် များအတွက် သင့်လျော်သည့် အဖွဲ့အစည်းများ ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦး အားဖြစ်စေ လွှဲအပ်ကျင့်သုံး ဆောင်ရွက်စေနိုင်သည်။