မည်သူမဆို အောက်ပါ ကင်းလွတ်ချက်တွင် ပါဝင်သူမှတစ်ပါး (* * *) တပ်မတော်တွင် အမှုထမ်းရွက်သော တပ်မတော်သားတစ်ဦးဦးက စစ်ပြေးမှုကျူးလွန်သည်ကို သိလျက်နှင့် သော်လည်း ကောင်း၊ ယုံကြည်ရန်အကြောင်း ရှိလျက်နှင့်သော်လည်းကောင်း အဆိုပါတပ်မတော်သားကို လက်သင့် ခံလျှင် ထိုလက်သင့်ခံသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
ကင်းလွတ်ချက်။ ဤပြဋ္ဌာန်းချက်သည်မယားကလင်ကို လက်သင့်ခံခြင်းနှင့်မသက်ဆိုင်စေရ။