ပုဒ်မ ၃၁၈
ပုဒ်မ ၃၁၈
ဂျူရီလူကြီးတက်ရောက်ရန် ပျက်ကွက်ခြင်း

ပုဒ်မ ၃၁၅၊ ပုဒ်မ ၃၁၆၊ သို့မဟုတ် ၃၁၇ အရ ဆင့်ခေါ်ခြင်းခံရသူ မည်သူမဆို တရားသော အကြောင်းပြချက်မရှိဘဲ သမ္မန်စာအရ လိုအပ်သည့်အတိုင်း တက်ရောက်ရန် ပျက်ကွက်လျှင်၊ သို့မဟုတ် တက်ရောက်သော်လည်း တရားသူကြီး၏ ခွင့်ပြုချက်မရရှိဘဲ ထွက်ခွာသွားလျှင်၊ သို့မဟုတ် ရက်ချိန်းရက်တွင် လာရောက်ရမည်ဟူ၍ တရားရုံးက အမိန့်ချမှတ်သည့် အတိုင်း တက်ရောက်ရန် ပျက်ကွက်လျှင် တရားရုံးကို မထီမဲ့မြင်ပြုမှု ကျူးလွန်ရာရောက်ပြီး တရားသူကြီးက ချမှတ်သည့်အမိန့်အတိုင်း တရားသူကြီးက သင့်တော်သည်ဟု ထင်မြင်သည့် ဒဏ်ငွေကို ပေးဆောင်ရန် တာဝန်ရှိသည့်အပြင် ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက တရားမ အကျဉ်းထောင်တွင် ဒဏ်ငွေပေးဆောင်သည်အထိ ခြောက်လထက်မပိုသော ထောင်ဒဏ်ကျခံ စေရမည်။

သို့ရာတွင် တရားရုံးက မိမိသဘောအတိုင်း ချမှတ်ထားသော ဒဏ်ငွေနှင့် ထောင် ဒဏ်တို့ကို ကင်းလွတ်ခွင့်ပေးနိုင်သည်။