ပုဒ်မ ၈၇
ပုဒ်မ ၈၇
စာအုပ်များ မြေပုံများ၊ အခြေအနေပြမြေပုံများနှင့်စပ်လျဉ်း၍အမှန်ကဲ့သို့မှတ်ယူခြင်း

အဆိုပါစာအုပ်သည် အများပြည်သူတို့၏သို့မဟုတ် လူအများ၏အကျိုးနှင့်သက်ဆိုင်သောကိစ္စ များကို သိရှိနိုင်ရန်အလို့ငှာ တရားရုံးက အကိုးအကား ပြုသည့်စာအုပ်ဖြစ်လျှင် မြေပုံ သို့မဟုတ် အခြေ အနေပြမြေပုံသည် အမှု၌စပ်ဆိုင်သောအကြောင်းခြင်းရာများ ဖော်ပြပါရှိပြီးတရားရုံးက ကြည့်ရှု စစ်ဆေးရန် တင်ပြထားလျှင် ထိုရေးသားထားသည်ဆိုသူကပင် ရေးသားခဲ့သည်ဟူ၍လည်းကောင်း၊ ပုံ နှိပ်ဖြန့်ချိသည်ဟုဆိုသူကပင် ပုံနှိပ်ဖြန့်ချိခဲ့သည်ဟူ၍လည်းကောင်း၊ မည်သည့်အချိန်နှင့်မည်သည့်နေရာ၌ ရေးသားခြင်း၊ ပုံနှိပ်ခြင်းပြုသည် ဆိုသည့်အတိုင်းထိုအချိန်၊ ထိုနေရာ၌ပင်ရေးသားခြင်း၊ ပုံနှိပ်ဖြန့်ချိခြင်းပြုခဲ့သည် ဟူ၍လည်းကောင်း တရားရုံးကမှတ်ယူနိုင်သည်။