ပုဒ်မ ၃၂၀
ပုဒ်မ ၃၂၀
ကင်းလွတ်ခွင့်များ

အောက်တွင် ဖော်ပြပါရှိသူများသည် ဂျူရီလူကြီးများအဖြစ် ဆောင်ရွက်ရန် တာဝန်မှ ကင်းလွှတ်ခွင့်ရှိသည်–

(က) ခရိုင်ရာဇဝတ်တရားသူကြီးထက် ရာထူးကြီးမြင့်သော နိုင်ငံဝန်ထမ်း အရာရှိများ၊

(ကက) ပြည်ထောင်စုပါလီမန်၏ လွှတ်တော် နှစ်ရပ်မှ အမတ်များ၊

( ခ ) လစာရ တရားသူကြီးများ၊

(ဂ) အခွန်၊ သို့မဟုတ် အကောက်ခွန်ဘက်ဆိုင်ရာ မင်းကြီးများနှင့် ကော်လိတ္တော်အရာရှိများ၊

(ဃ) အကောက်ခွန်ဦးစီးဌာန ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် သူများနှင့် ရဲအရာရှိများ၊

(င) ကော်လိတ္တော်အရာရှိက အခွန်ကောက်ခံရေးတာဝန်များ ထမ်း ဆောင်သူဖြစ်သဖြင့် ကင်းလွတ်ခွင့်ပြုသင့်သည်ဟု ထင်မြင်သူများ၊

(စ) ဘာသာရေးအရ တရားဟော ဆရာများ၊ ဘုန်းကြီးများအဖြစ် ဆောင်ရွက်လျက်ရှိနေသူများ၊

(ဆ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဂျူရီလူကြီးများအဖြစ်ဆောင်ရွက်ရန် တာဝန် အထူး သတ်မှတ်ခြင်း ခံရသည့် မြန်မာနိုင်ငံ ကြည်းတပ်၊ ရေတပ်၊ သို့မဟုတ် လေတပ်တွင် တာဝန်ထမ်းဆောင်သူများ၊

(ဇ) ဆရာဝန်များနှင့် ဆေးပညာဖြင့် ထင်ရှားစွာ အမြဲကုသနေသူများ၊

(ဈ) ရှေ့နေများ အက်ဥပဒေတွင် အဓိပ္ပာယ် ဖော်ပြထားသည့်အတိုင်း အမှန်အကယ် အမှုလိုက်လျှက်ရှိသော ရှေ့နေများ၊

(ည) စာတိုက်နှင့်ကြေးနန်းဌာနတွင် တာဝန်ထမ်းဆောင်နေသူများ၊

(ဋ) တရားမကျင့်ထုံးဥပဒေအရ တရားရုံးသို့ ကိုယ်တိုင် ရောက်ရှိရန် ကင်းလွတ်ခွင့်ရထားသူများ၊

(ဌ) ဂျူရီလူကြီးများအဖြစ်ဆောင်ရွက်ခြင်းမှ နိုင်ငံတော်သမ္မတက ကင်းလွတ်ခွင့် ပေးထားသည့် အခြားသူများ။