ပုဒ်မ ၁၃၁
ပုဒ်မ ၁၃၁
ပြန်တမ်းဝင် တပ်မတော်အရာရှိများ၏ အစုအဝေးကိုလူစုခွဲရန်အာဏာ

ထိုအစုအဝေးကြောင့် ပြည်သူတို့၏ လုံခြုံမှုကို ဘေးအန္တရာယ်ဖြစ်ရန် ထင်ရှားသည့်အပြင် မည်သည့် ရာဇဝတ်တရားသူကြီးကိုမျှလည်း မဆက်သွယ်နိုင်လျှင် မြန်မာ့တပ်မတော်၏ ပြန်တမ်းဝင် အရာရှိသည် ၎င်းအစုအဝေးကို စစ်အင်အားအသုံးပြု၍ လူစုခွဲနိုင်ခွင့်ရှိသည်။ ထိုအစုအဝေးကို လူစု ခွဲရန် အလို့ငှာဖြစ်စေ၊ စုဝေးရာတွင် ပါဝင်သူတို့ကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်ရန် အလို့ငှာဖြစ်စေ၊ ၎င်းအစုအဝေးတွင် ပါဝင်သူ မည်သူကိုမဆို ဖမ်းဆီးချုပ်နှောင်ခွင့်လည်း ရသည်။ သို့သော်လည်း ဤပုဒ်မအရ ဆောင်ရွက်နေသည့် ကာလအတွင်း တရားသူကြီး တစ်ဦးဦးနှင့် ဆက်သွယ်နိုင်လျှင် ဆက်သွယ်ပြီးနောက် ၎င်း၏ လုပ်ဆောင်ချက်များကို ဆက်၍ ဆောင်ရွက်ရမည်၊ မဆောင်ရွက်ရမည်နှင့် စပ်လျဉ်း၍ တရားသူကြီး၏ ညွှန်ကြားချက်များကို လိုက်နာရမည်။