ပုဒ်မ ၃၉၂
ပုဒ်မ ၃၉၂
ကြိမ်ဒဏ်ကို အတည်ပြုလုပ်ရန် နည်းလမ်း

(၁) အသက်တစ်ဆယ် ခြောက်နှစ်ရှိသူနှင့် ၎င်းထက် ကျော်လွန်သူတစ်ဦး၏ အမှုတွင် နိုင်ငံတော်သမ္မတက ညွှန်ကြားသည့် နေရာ၌ ညွှန်ကြားသည့် နည်းအတိုင်း အချင်း လက်မဝက်အောက် မနည်းပေါ့သည့် ကြိမ်လုံးနှင့်ရိုက်ရမည်။ ထို့ပြင် အသက်ဘစ်ဆယ့်ခြောက် နှစ်အောက် ရှိသူကို နိုင်ငံတော်သမ္မတက ညွှန်ကြားသည့် နေရာ၌ညွှန်ကြားသည့် နည်းအတိုင်း ထိုသူ၏ ကိုယ်အစိတ်အပိုင်းပေါ်တွင် အဆိုပါ ညွှန်ကြားထားသည့် ကိရိယာမျိုးနှင့် ရိုက်ရမည်။

ရိုက်သည့်အချက်အရေအတွက်ကို သတ်မှတ်ခြင်း။

(၂) မည်သည့်အခါမျှ ၎င်းပြစ်ဒဏ်မှာ အချက်ရေ သုံးဆယ်ထက် မပိုစေရ။ ထို့ပြင် အသက် တစ်ဆယ်ခြောက်နှစ်အောက် ရှိသူဖြစ်သည့်ကိစ္စတွင် တစ်ဆယ်ငါးချက်ထက် မပိုစေရ။