(၁) ဒီကရီကို အပြည့်အဝ ကျေအေးပြေငြိမ်းအောင် မပြုရသေးမီ တရားရှုံး သေဆုံးလျှင် ဒီကရီ ရရှိထားသူသည် သေသူ၏ တရားဝင်ကိုယ်စားလှယ်အပေါ် ယင်းဒီကရီကို အတည်ပြု ပေးရန်အလို့ငှာ ဒီကရီချမှတ်သည့် တရားရုံးသို့ လျှောက်ထားနိုင်သည်။
(၂) ဒီကရီကို ၎င်းတရားဝင်ကိုယ်စားလှယ်အပေါ် အတည်ပြုလျှင် ၎င်းသည် မိမိလက်ဝယ်သို့ ရောက်ရှိပြီး နည်းလမ်းတကျ စီမံခန့်ခွဲခြင်း မပြုသေးသည့် သေသူပိုင် ပစ္စည်းအတိုင်းအတာ အထိသာ တာဝန်ရှိရမည်။ ထိုတာဝန်ကို စိစစ်ရန်ကိစ္စအလို့ငှာ ဒီကရီကို အတည်ပြုသည့် တရားရုံးသည် အလိုအလျောက်ဖြစ်စေ၊ တရားနိုင်၏ လျှောက်ထားချက်အရဖြစ်စေ သင့်သည် ထင်မြင်သည့် စာရင်းများကိုတင်ပြစေရန် ၎င်းတရားဝင်ကိုယ်စားလှယ်ကို အတင်းအကြပ် ဆင့်ဆိုနိုင်သည်။