ပုဒ်မ ၄၀၆
ပုဒ်မ ၄၀၆
ငြိမ်ဝပ်စွာ နေထိုင်ရေး၊ သို့မဟုတ် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရေးအတွက် ခံဝန်ချုပ် ချုပ်ဆိုရန် တောင်းဆိုသည့် အမိန့်ကို အယူခံဝင်ခြင်း

ပုဒ်မ ၁၁ဂ အရ ငြိမ်ဝပ်စွာနေထိုင်ရေး၊ သို့မဟုတ် ကောင်းမွန်စွာ ကျင့်ကြံ နေထိုင်ရေးအတွက် ခံဝန်ချုပ်ဆိုရန် အမိန့်ချမှတ်ခြင်းခံရသူ တစ်ဦးတစ်ယောက်သည် အဆိုပါ အမိန့်နှင့် စပ်လျဉ်း၍ စက်ရှင်တရားရုံးသို့ အယူခံဝင်နိုင်သည်။

သို့ရာတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံပြန်တမ်း၌ အမိန့်ကြော်ငြာစာထုတ် ပြန်၍ ထိုအမိန့်ကြော်ငြာစာတွင် သီးခြားဖော်ပြသည့် ခရိုင်တစ်ခုခုမှ ထိုအမိန့်မျိုးကို ခရိုင်ရာဇဝတ် တရားသူကြီးမှတစ်ပါး အခြားရာဇဝတ်တရားသူကြီးတစ်ဦးက ချမှတ်သောအမိန့်ကို စက်ရှင် တရားရုံးသို့ အယူမခံဘဲ ခရိုင်ရာဇဝတ်တရားသူကြီးထံသို့ အယူခံနိုင်ကြောင်း ညွှန်ကြားနိုင်သည်။

ထို့ပြင် ဤပုဒ်မပါ မည်သည့်အချက်ကမျှ ပုဒ်မ ၁၂ ၃၊ ပုဒ်မခွဲ ( ၂ ) ၊ သို့မဟုတ် ပုဒ်မခွဲ (၃က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မိမိအပေါ်တွင် ပြုလုပ်သည့် မှုခင်းကိစ္စများကို ခရိုင်တရားသူကြီးရှေ့တွင် အမှုတင်ပို့ခံရသူတို့နှင့် မသက်ဆိုင်စေရ။ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)