ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ဤကိစ္စ အလို့ငှာ တော်သမ္မတက သော်လည်းကောင်း၊ ခရိုင်ရာဇဝတ်တရားသူကြီးက သော်လည်းကောင်း အာဏာ နှင်းမြင်းခံရသော တရားသူကြီးသည် ရာဇသတ်ကြီးတွင် ဖြစ်စေ၊ အခြား အထူးဥပဒေ သို့မဟုတ် ဒေသန္တရ တွင်ဖြစ်စေ၊ အဓိပ္ပာယ်ဖော်ပြပါရှိသည့်အတိုင်း အများပြည်သူတို့အား အနှောင့်အယှက် ဖြစ်စေသည့် အတွေးကို ထပ်မံဆက်လက်မပြုလုပ်စေရန် မည်သူ့အပေါ်တွင်မဆို အမိန့် ချမှတ်နိုင်သည်။