ပုဒ်မ ၄၄
ပုဒ်မ ၄၄
အချို့ပြစ်မှုများနှင့် စပ်လျဉ်း၍ ပြည်သူတို့က သတင်းပေးရန်

(၁) (၁) ရာဇသတ်ကြီး ပုဒ်မ ၁၂၁၊ ၁၂၁ က၊ ၁၂၂၊ ၁၂၃၊ ၁၂၄၊ ၁၂၄ က၊ ၁၂၅၊ ၁၂၆၊ ၁၃ဝ၊ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၃ဝ၂၊ ၃၀၃၊ ၃ဝ၄၊ ၃၈၂၊ ၃၉၂၊ ၃၉၃၊ ၃၉၄၊ ၃၉၅၊ ၃၉၆၊ ၃၉၇၊ ၃၉၉၊ ၄ဝ၂၊ ၄၃၅၊ ၄၃၆၊ ၄၄၉၊ ၄၅ဝ၊ ၄၅၆၊ ၄၅၇၊ ၄၅၈၊ ၄၅၉ နှင့် ၄၆၀ တို့အရ ပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှုတစ်စုံတစ်ရာကို အခြားသူတစ်ဦးတစ်ယောက် ကျူးလွန်ကြောင်းကို သော်လည်းကောင်း၊ ကျူးလွန်ရန် ကြံစည် နေကြောင်းကို သော်လည်း ကောင်း သိရှိသူ မည်သူမဆို ယင်းသို့ သိရှိသည်နှင့်တစ်ပြိုင်နက် သတင်းမပေးရန် လုံလောက်သောအကြောင်းမရှိလျှင် နီးရာ ရာဇဝတ်တရား သူကြီး ထံဖြစ်စေ၊ ရဲအရာရှိ တစ်ဦးထံဖြစ်စေ သတင်းပေးရမည်။ ထိုသို့ သတင်းမပေးရန် လုံလောက်သည့် အကြောင်းရှိခဲ့လျှင် ထိုသို့ ရှိကြောင်းကို ထင်ရှားအောင် သက်သေပြရမည့် တာဝန်သည် ထိုသူ၏ တာဝန်ဖြစ်သည်။

(၂) ဤပုဒ်မပါကိစ္စများအလို့ငှာ “ပြစ်မှု” ဆိုသောစကားရပ်တွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်း ကျူးလွန်ခဲ့ခြင်းဖြစ်လျှင် ပြစ်မှုမြောက်စေမည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြင်ပတစ်နေရာ၌ ကျူးလွန်ခဲ့သည့်ပြုလုပ်မှုလည်း ပါဝင်သည်။