ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော် သို့မဟုတ် အများပြည်သူတို့နှင့်သက်ဆိုင်သည့် အရေးကြီးသောတရားစီရင်ရေးဆိုင်ရာအခြေအနေကို အခါအား လျော်စွာ တင်ပြနိုင်သည်။