ပုဒ်မ ၅၃၁
ပုဒ်မ ၅၃၁
မသက်ဆိုင်သည့် နေရာတွင် မှုခင်းကိစ္စဆောင်ရွက်ခြင်း

မသက်ဆိုင်သည့် (*****)ခရိုင်(****) သို့မဟုတ် အခြားအရပ်ဒေသတွင် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှ၊ သို့မဟုတ် အခြားမှုခင်းကိစ္စများ ဆောင်ရွက်ရာတွင် ထိုကဲ့သို့ မှားယွင်းခြင်းသည် တရားမျှတမှ အမှန်တကယ် ကင်းမဲ့သွားစရာအကြောင်း မဖြစ်ပေါ်စေပါက ထိုပြစ်မှုဆိုင်ရာတရားရုံး၏ မည်သည့်ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်ကိုမျှ ဆိုခဲ့သည့် မသက်ဆိုင်သည့် အခြားအရပ်ဒေသတွင် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမှုခင်း ကိစ္စဆောင်ရွက်မှုများ ပြုခဲ့သည့်အကြောင်းမျှနှင့် မပယ်ဖျက်ရ။