ပုဒ်မ ၆၁
ပုဒ်မ ၆၁
ဖမ်းဆီးထားသူကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်မထားရခြင်း

မည်သည့်ရဲအရာရှိကမျှ ဝရမ်းမပါဘဲ ဖမ်းဆီးထားသူတစ်ဦးကို အမှု၏မည်သည့် အခြေအနေ တွင်မဆို လိုအပ်သည့်အချိန်ထက် ပိုပြီးချုပ်နှောင်မထားရ၊ ယင်းကဲ့သို့ ချုပ်နှောင်ထားရန် အချိန် မှာလည်း ပုဒ်မ ၁၆၇ အရ ရာဇဝတ်တရားသူကြီးတစ်ဦး၏ အထူးအမိန့်မရရှိလျှင် ယင်းဖမ်းဆီးသည့် နေရာမှာ ရဲစခန်းနှင့် ထိုမှတစ်ဖန် ရာဇဝတ်တရားသူကြီး၏ တရားရုံးသို့ သွားရောက်ရမည့်ခရီးအတွက် လိုအပ်မည့် အချိန်ကိုနှုတ်ပြီး (၂၄) နာရီထက် မပိုစေရ။