တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသောတရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှအပြီးအပြတ်လွှတ်ခြင်းခံရလျှင်ဖြစ်စေ အဆိုပါပြစ်မှုထင်ရှား စီရင် သည့်စီရင်ချက် သို့မဟုတ် အမှုမှအပြီးအပြတ်လွှတ်သည့်စီရင်ချက်ကို အဆင့်မြင့်တရားရုံးက ပယ်ဖျက် ပြီးအမှုကို အသစ်တစ်ဖန်ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့်အခါမှတစ်ပါး ယင်းပြစ်မှုအတွက် ထိုသူအား ထပ်မံစစ်ဆေးခြင်းမပြုရ။