လွှဲပြောင်းပေးပို့သည့် ဒီကရီကို အတည်ပြုသော တရားရုံးသည် ယင်းဒီကရီကို မိမိကိုယ်တိုင် ချမှတ်ထားဘိသကဲ့သို့ ထပ်တူအာဏာများ ရရှိရမည်။ ဒီကရီအတည်ပြုရာတွင် မနာခံသော သို့မဟုတ် တားဆီးနှောင့်ယှက်သော သူများကိုလည်း ထိုတရားရုံးကပင် ဒီကရီချမှတ်ခဲ့သကဲ့သို့ အလားတူ အရေးယူ ပြစ်ဒဏ်ချမှတ်နိုင်သည်။ ထို့ပြင် ယင်းဒီကရီကို အတည်ပြုရာတွင် အဆိုပါတရားရုံးက ချမှတ်သည့် အမိန့်များသည် ယင်းတရားရုံးကပင် ဒီကရီကို ချမှတ်ခဲ့လျှင် သက်ဆိုင်မည့် အယူခံဝင်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် သက်ဆိုင်စေရမည်။