(၁) တရားခံကို
( က ) ကြိမ်ဒဏ်သာစီရင်ပြီး တရားရုံးကညွှန်ကြားသည့်အချိန်နှင့် နေရာသို့ ရောက်ရှိရန်အတွက် တရားရုံးက ကျေနပ်လောက်အောင် ခံဝန် ချုပ်ဆိုသည့် အခါ၊ သို့မဟုတ်
( ခ ) ထောင်ဒဏ်အပြင် ကြိမ်ဒဏ်လည်းစီရင်သည့်အခါ ၎င်းတရားခံအား စီရင်ချက် ချမှတ်သည့်နေ့မှ တစ်ဆယ့်ငါးရက်မရောက်မီ ကြိမ်ဒဏ်မရိုက်ရ၊ သို့မဟုတ် ထိုကာလအတွင်း အယူခံဝင်လှင်လည်း အယူခံတရားရုံးက ၎င်းပြစ်ဒဏ်ကို အတည်မပြုမချင်း ကြိမ်ဒဏ်အတည်မပြုလုပ်ရ။ သို့သော်လည်း ၎င်းတစ်ဆယ့်ငါးရက် ကုန်ဆုံးပြီးနောက်၊ သို့မဟုတ် အယူခံဝင်၍ အယူခံတရားရုံး၏ ပြစ်ဒဏ်အတည်ပြုသည့်အမိန့်ရ ရှိ သည့် အ ခါ လျင်မြန်နိုင်သမျှလျင်မြန်စွာ ကြိမ်ဒဏ်ကို အတည်ပြုလုပ်ရမည်။
(၂) တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက ၎င်း၏ရှေ့မှောက်၌ ကြိမ်ဒဏ်ကို အတည်ပြုလုပ်ရမည်ဟု အမိန့်ချမှတ်မထားပါက ထောင်တာဝန်ခံအရာရှိရှေ့တွင် အဘည်ပြုရမည်။
(၃) x x x x x x x x x