(က) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် သက်ဆိုင်ရာ မဲစာရင်းတွင် မိမိ၏အမည် ပါဝင်ခြင်းမရှိလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ မိမိ၏အမည်ကို ထည့်သွင်းပေးရန် သတ်မှတ်ထားသည့်အတိုင်း တောင်းဆိုလွှာကို တင်သွင်းနိုင်သည်။
(ခ) ပုဒ်မခွဲ(က)ပါ တောင်းဆိုလွှာနှင့်စပ်လျဉ်း၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှတစ်ပါး အပြီးအပြတ်ဖြစ်စေရမည်။