ပုဒ်မ ၆၉
ပုဒ်မ ၆၉
အသိသက်သေအဖြစ် လက်မှတ်ရေးထိုးသူကို ရှာမတွေ့သည့်အခါ သက်သေထင်ရှားတင်ပြခြင်း။

အဆိုပါအသိသက်သေကို ရှာမတွေ့နိုင်လျှင်သို့မဟုတ် ယူနိုတ်တက်ကင်းဒမ်းတွင်ချုပ်ဆိုခြင်းဖြစ်ခဲ့ လျှင် ထိုစာချုပ်စာတမ်းတွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးသူများအနက်မှ အနည်းဆုံးတစ်ဦး ၏သက်သေခံလက်မှတ်သည် ထိုသူ၏လက်ရေးဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုစာချုပ်စာတမ်းကိုချုပ်ဆိုသူ၏ထိုးမြဲလက်မှတ်သည် ထိုသူ၏လက်မှတ်ဖြစ်ကြောင်းကိုလည်းကောင်း သက်သေထင်ရှား တင်ပြရမည်။