တရားလိုဘက် အမှုလိုက်အရာရှိက-
(က) တရားခံကသော်လည်းကောင်း၊ တရားခံ တစ်ဦးတစ်ယောက်ကသော် လည်းကောင်း သက်သေတစ်ဦးတစ်ယောက်ကို စစ်မေးခဲ့လျှင်၊ သို့မဟုတ်
(ခ) တရားရုံး၏ခွင့်ပြုချက်အရ ဥပဒေအချက်အလက် တစ်စုံတစ်ရာ အပေါ်တွင်၊ သို့မဟုတ်
(ဂ) တရားရုံး၏ခွင့်ပြုချက်အရ တရားခံက ခုခံချေပရာတွင် သက်သေထင်ရှား ပြရန်မလိုသည့် စာတမ်းအမှတ်အသား တစ်စုံတစ်ရာကို တင်ပြသည့်အခါ
ပြန်လည် လျှောက်လဲခွင့် ရှိသည်။
သို့ရာတွင် အထက်စာပိုဒ်(ဂ)နှင့် စပ်လျဉ်းသည့်ကိစ္စတွင် တရားရုံးက အခြားနည်း ခွင့်ပြုထားခြင်းမရှိလျှင် တင်ပြသည့် စာတမ်းအမှတ်အသားနှင့် စပ်လျဉ်း၍သာ ပြန်လည် လျှောက်လဲခွင့်ရှိကြောင်း ကန့်သတ်ထားသည်။