(၁) ဤအခန်းအရ စွဲချက်တင်ပြီးဖြစ်သည့် မည်သည့်အမှုတွင်မဆို တရားခံ၌ အဖြစ်မရှိကြောင်း ရာဇဝတ်တရားသူကြီးကတွေ့ရှိလျှင် ၎င်းတရားခံအား အမှုမှအပြီးအပြတ်လွှတ် သည့်အမိန့်ကို ရေးသားချမှတ်ရမည်။
ပြစ်မှုထင်ရှားစီရင်ခြင်း၊
(၂) ဤအခန်းအရ မည်သည့်အမှု၌မဆို ရာဇဝတ်တရားသူကြီးက ပုဒ်မ ၃၄၉၊ သို့မဟုတ် ပုဒ်မ ၅၆ ၂ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း မပြုသည့်အခါ အကယ်၍ တရားခံ၌ အပြစ်ရှိကြောင်းတွေ့ရှိလျှင် တရားခံအပေါ် ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ် ရမည်။