ပုဒ်မ ၂၅၉
ပုဒ်မ ၂၅၉
တိုင်တန်းသူ မလာရောက်ခြင်း

တိုင်တန်းချက်အရ အမှုစွဲဆိုခြင်းဖြစ်ပြီး အမှုကြားနာရန် ချိန်းဆိုသည့် နေ့တွင် တိုင်တန်းသူမလာရောက်သည့်အပြင် ပြစ်မှုမှာလည်း တရားဥပဒေအရ ကျေအေးခွင့်ရနိုင်သည့် ပြစ်မှုဖြစ်နေလျှင်၊ သို့မဟုတ် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုမဟုတ်လျှင် အထက်တွင် မည်သို့ပင် ပါရှိစေကာမူ စွဲချက်မတင်မီ မည်သည့်အချိန်တွင်မဆို ရာဇဝတ်တရားသူကြီးသည် မိမိသဘော အတိုင်း တရားခံကိုစွဲချက်မစာင်မီ လွှတ်နိုင်သည်။