ပုဒ်မ ၁၁၈
ပုဒ်မ ၁၁၈
ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်း
(က) ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ကော်မတီများက လေ့လာသောအကြောင်း ကိစ္စများမှအပ ကျန်အကြောင်းကိစ္စများကို လေ့လာရန်လိုအပ်ပါက ကော်မရှင်နှင့် အဖွဲ့များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့်လည်းကောင်း၊ သင့်လျော်သည့် နိုင်ငံသားများ ထည့်သွင်း၍ လည်းကောင်းဖွဲ့စည်းနိုင်သည်၊ (ခ) ပြည်သူ့လွှတ်တော်သည် အထက်ပါကော်မရှင်နှင့် အဖွဲ့များကို ဖွဲ့စည်းသည့်အခါ ယင်းကော်မရှင် သို့မဟုတ် အဖွဲ့များ၏အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုပါ သတ်မှတ်ပေး ရမည်။
ပြစ်ဒဏ်
-