ဗြိတိသျှဘုရင်ပိုင်နိုင်ငံများတွင် အပါအဝင်မဟုတ်သော သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံ မဟုတ် သော နိုင်ငံတစ်ခု၏တရားရေးရာတာဝန်ခံ၏ မိတ္တူဆိုသော စာတမ်းအမှတ်အသားတစ်စောင်သည် ထိုနိုင်ငံတွင် တရားရေးရာ မှတ်တမ်းများကို တာဝန်ခံလက်မှတ်ရေးထိုးရာ၌ အစဉ်အားဖြင့်လိုက်နာကျင့် သုံးလေ့ရှိသော နည်းလမ်းအတိုင်း တာဝန်ခံသက်သေခံ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်ဟု ထိုနိုင်ငံရှိ သို့မဟုတ် ထိုနိုင်ငံအတွက် ခန့်အပ်ထားသော ဗြိတိသျှဘုရင်၏သို့မဟုတ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်တစ်ဦးဦးက တာဝန်ခံလက်မှတ်ရေးထိုးထားလျှင် ထိုစာတမ်း အမှတ်အသားသည်စစ်မှန်၍ တိကျသည်ဟု တရားရုံးကမှတ်ယူနိုင်သည်။