(၁) အောက်ဖော်ပြပါ မည်သည့်ပုဂ္ဂိုလ်မျှ အောက်ပါအစည်းအဝေး ကျင်းပချိန် အတွင်းတွင်လည်းကောင်း၊ ယင်းအစည်းအဝေး မကျင်းပမီ ၁၄ ရက်အတွင်းနှင့် ကျင်းပပြီးနောက် ၁၄ ရက် အတွင်းတွင်လည်းကောင်း တရားမအမိန့်ဆင့်စာအရ ဖမ်းဆီးခြင်း သို့မဟုတ် အကျဉ်းထောင်တွင် ချထားခြင်း မထိုက်စေရ –
(က) ပြည်ထောင်စု ပါလီမန်လွှတ်တော်တစ်ရပ်ရပ်၏ အမတ်ဖြစ်လျှင် အဆိုပါ လွှတ်တော်အစည်းအဝေး၊
( ခ ) အဆိုပါ လွှတ်တော်မှ ကော်မတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျှင် အဆိုပါ ကော်မတီ အစည်းအဝေး၊
( ဂ ) ပြည်ထောင်စုပါလီမန်လွှတ်တော် တစ်ရပ်ရပ်၏အမတ်ဖြစ်လျှင် လွှတ်တော် များ၏ တွဲဘက်အစည်းအဝေး သို့မဟုတ် ညီလာခံအစည်းအဝေး သို့မဟုတ် အဆိုပါ ပုဂ္ဂိုလ်အဖွဲ့ဝင်အဖြစ် ပါဝင်သောလွှတ်တော်များ၏ ပူးတွဲကော်မတီ အစည်းအဝေး။
(၂) ချုပ်နှောင်ထားခြင်းမှ ပုဒ်မခွဲ(၁)အရ လွှတ်ခြင်းခံရသူသည် ပုဒ်မခွဲ(၁)၏ ပြဌာန်းချက် များနှင့် မဆန့်ကျင်စေဘဲ ပြန်လည်ဖမ်းဆီးခြင်း ခံထိုက်စေရမည့်ပြင် ပုဒ်မခွဲ(၁)အရ အလွတ်မခံ ခဲ့ရလျှင် ထိုသူကျခံထိုက်မည်ဖြစ်သော နောက်ထပ် ချုပ်နှောင်ထားခြင်းကိုလည်း ခံထိုက်စေရမည်။