(၁) ပုဒ်မ ၄၈၀ နှင့် ၄ဂ၅ တို့တွင် ပြဋ္ဌာန်းထားသည်မှတစ်ပါး တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားဝန်ကြီးမှလွဲ၍ မည်သည့်ပြစ်မှုဆိုင်ရာတရားရုံး တရားသူကြီး၊ သို့မဟုတ် ရာဇဝတ် တရားသူကြီးကမှ ပုဒ်မ ၁၉၅ တွင် ရည်ညွှန်းထားသော ပြစ်မှုတစ်စုံတစ်ရာကို မိမိရှေ့တွင် ဖြစ်စေ၊ မိမိအခွင့်အာဏာကို မထီမဲ့မြင်ပြု၍ဖြစ်စေ ကျုးလွန်သည့်အခါ၊ သို့မဟုတ် အဆိုပါ တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးအဖြစ် အမှုစစ်ဆေးနေစဉ်အတွင်း ကျူးလွန်ခဲ့ကြောင်းတွေ့ရှိရသူကို စစ်ဆေးစီရင်ခြင်းမပြုရ။
(၂) စက်ရှင်တရားရုံးသို့ဖြစ်စေ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ ဖြစ်စေ လွှဲအပ်တင်ပို့ရန် အာဏာအပ်နှင်းခြင်းခံရသည့် ရာဇဝတ်တရားသူကြီးတစ်ဦးအနေဖြင့် မည်သည့်အမှုကို အဆိုပါ တရားရုံးသို့ လွှဲအပ်တင်ပို့ခြင်းကို ပုဒ်မ ၄၇၆၊ သို့မဟုတ် ပုဒ်မ ၄၈၂ ပါ မည်သည့် ပြဋ္ဌာန်း ချက်ကမျှ တားမြစ်ခြင်းမရှိစေရ။