ပုဒ်မ ၁၄၉
ပုဒ်မ ၁၄၉
လျော့နေသော ရုံးခွန်ကို ဖြည့်စွက်ပေးဆောင်စေနိုင်ခွင့်

ရုံးခွန်နှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ  စာတမ်းအမှတ်အသား တစ်ခုခုအတွက် (for any document) သတ်မှတ်ထားသော ရုံးခွန်အားလုံးကိုဖြစ်စေ သို့မဟုတ် အချို့ကိုဖြစ်စေ ပေးဆောင်ခြင်း မပြုရသေးပါက၊ အဆိုပါ ရုံးခွန်အားလုံးကို သို့မဟုတ် အချို့ကို ရုံးခွန် ပေးဆောင်ရန်ရှိသူက ပေးဆောင်စေရန် တရားရုံးသည် အမှု၏ မည်သည့်အဆင့်တွင်မဆို (at any stage) မိမိ၏ သဘောအတိုင်း (in its discretion) ခွင့်ပြုနိုင်သည်။ ထိုသို့ ပေးဆောင်ပြီးသည့်အခါ အဆိုပါ စာတမ်းအမှတ်အသားသည် ထိုရုံးခွန်ကို မူလကတည်းက ပေးဆောင်ခဲ့သကဲ့သို့ ထပ်တူ ခိုင်မာအကျိုးသက်ရောက်မှု ရှိစေရမည်။