ပုဒ်မ ၂၈၆
ပုဒ်မ ၂၈၆
င။ တရားလိုဘက်နှင့် တရားခံဘက်အတွက် အမှုဆုံးခန်းတိုင်သည်အထိ စစ်ဆေးစီရင်မှု ၊ တရားလိုဘက်မှ အမှုစတင်ခြင်း။

(၁) ဂျုရီဖြင့် စစ်ဆေးစီရင်မှုတွင် ဂျူရီလူကြီးများ ရွေးချယ်ပြီးသောအခါ၊ သို့မဟုတ် ဂျူရီမပါဘဲ စစ်ဆေးစီရင်မှုတွင် တရားခံက ဖြေကြားရန်ငြင်းဆိုသောအခါ၊ သို့မဟုတ် စစ်ဆေးစီရင်ရန် တောင်းဆိုသောအခါ တရားလိုဘက်အမှုလိုက်အရာရှိက စွဲချက်တင်ထားသော ပြစ်မှုနှင့် စပ်လျဉ်းသည့် ပြစ်မှုဆိုင်ရာဥပဒေနှင့်၊ သို့မဟုတ် အခြားဥပဒေပါ ဖော်ပြချက်များကို ဖတ်ပြခြင်းဖြင့် လည်းကောင်း၊ မည်သည့်သက်သေခံချက်များဖြင့် တရားခံအပြစ်ရှိကြောင်း သက်သေထင်ရှား ပြသနိုင်မည့်အချက်များကို အကျဉ်းချုပ်၍ တင်ပြခြင်းဖြင့်လည်းကောင်း အမှုကို စတင်ရမည်။

သက်သေများကို စစ်မေးခြင်း။

(၂) ထိုနောက် တရားလိုဘက်အမှုလိုက်အရာရှိက ၎င်း၏ သက်သေများကို စစ်မေးရမည်။